Peng Liyuanသည် ဂျာမဏီနိုင်ငံ Bole-တရုတ်တေးသံစုံအဖွဲ့(Choir) ၏ ဆရာနှင့် ကျောင်းသူကျောင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00)2024-03-29 14:58:10  

ယခုလ ၂၈ ရက် မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ ဇနီး Peng Liyuanသည် ဘေကျင်းမြို့ အမှတ် ၃၅ အလယ်တန်းကျောင်း၌ တရုတ်နိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော ဂျာမဏီ နိုင်ငံ Bole-တရုတ်တေးသံစုံအဖွဲ့၏ ဆရာနှင့် ကျောင်းသူကျောင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

Peng Liyuanသည် ၎င်းတို့ တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပြီး ဆယ်နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးမှုကို သီဆိုကာ အောင်မြင်မှုများ သယ်ဆောင်ပေးခဲ့သည့် တေးသံစုံအဖွဲ့အား ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ အားလုံး၏ ကြိုးပမ်းအားထုတ်မှုများဖြင့် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ယဉ်ကျေးမှု ဖလှယ်ရန်  ပေါင်းကူးတံတား တည်ဆောက်ခဲ့ကြောင်း Peng Liyuan က ပြောကြားခဲ့ပါသည်။

Choir Association ဥက္ကဋ္ဌ မီလ်မန်က တရုတ်သီချင်းဆိုခြင်းဖြင့် တရုတ် ဘာသာစကားကို သင်ယူခြင်း မှတစ်ဆင့် ပိုမိုများပြားသည့် ဂျာမဏီ လူငယ်များသည် တရုတ်နိုင်ငံကို သိရှိနားလည် ချစ်မြတ်နိုးလာကြောင်း၊ မိမိတို့သည် ဂီတနှင့် တရုတ်ဘာသာဖြင့်  ဖလှယ်ရေး ပေါင်းကူးတံတားကို ဆက်လက်တည်ဆောက်ပြီး ဂျာမဏီနှင့် တရုတ် လူငယ်များ အကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။