Xiaomi မော်တော်ကားမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

(GMT+08:00)2024-03-29 14:55:37  

မတ်လ၂၈ ရက်နေ့ ည ၇ နာရီတွင် Xiaomi မော်တော်ကားမိတ်ဆက်ပွဲအခမ်းအနားကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ မိတ်ဆက်ပွဲအခမ်းအနားတွင် Xiaomi မော်တော်ကား၏ ဈေးနှုန်းကို ဖော်ပြခဲ့ပါသည်။ Xiaomi SU7 Pro က ယွမ် ၂၁၅၉၀၀ ၊ Xiaomi SU7 Pro က ယွမ် ၂၄၅၉၀၀၊ Xiaomi SU7 Max က ယွမ် ၂၉၉၉၀၀ ဖြစ်ပြီး ၎င်းကားရဲ့ ဈေးနှုန်း များကို  ယွမ် ၃၀၀,၀၀၀ အောက် ထိန်းချုပ်ထားပါသည်။

မိတ်ဆက်ပွဲတွင် Xiaomi Group ၏တည်ထောင်သူ၊ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Lei Jun က ၁၅ နှစ်မှ နှစ်၂၀ အထိ ကြိုးစားအားထုတ်ခြင်းဖြင့် Xiaomi မော်တော်ကားလုပ်ငန်းအား ကမ္ဘာ့ ထိပ် တန်း ကားကုမ္ပဏီငါးခုတွင် တစ်ခု အပါအဝင် ဖြစ်လာပြီး တရုတ်နိုင်ငံ၏ မော်တော် ကား လုပ်ငန်း ဘက်စုံ တိုးမြင့်လာစေရန် ဆောင်ရွက်မည်ဟူသော Xiaomi မော်တော်ကား ၏ ရေရှည် ရည်မှန်းချက်ကို ထပ်မံ ဖော်ပြခဲ့ပါသည်။