တရုတ် နိုင်ငံသည် ကမ္ဘာ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆက်တိုက် အကျိုးပြုရန် မျှော်လင့်သည်ဟု ဂျပန် ဝန်ကြီးချုပ်ဟောင်း Fukuda Yasuoဆို

(GMT+08:00)2024-03-29 14:59:26  

    ယခုလ ၂၇ရက်နေ့တွင် ပိုအော် အာရှ ဖိုရမ် အတိုင်ပင်ခံ ကော်မတီ ဥက္ကဋ္ဌ၊ ဂျပန် ဝန်ကြီးချုပ်ဟောင်း Fukuda Yasuoက CMGသတင်းထောက်၏ သီးသန့်မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် တရုတ် စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေး အပေါ် ဩဇာသက်ရောက်မှု အလွန် ကြီးမားကြောင်း၊ တရုတ် နိုင်ငံသည် ကိုယ့်နိုင်ငံ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ပြီး ကမ္ဘာ့ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆက်တိုက် အကျိုးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။