စန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့တွင် ကောက်ရိုးများဖြင့် မှိုများ စိုက်ပျိုး

(GMT+08:00)2024-03-28 11:56:16  

မတ်လ ၂၇ ရက်နေ့က စန်းတုန်းပြည်နယ်ကျောင်ကျွမ်းမြို့ကျူပ်ကျွမ်းကျေးရွာရှိဖန်လုံအိမ်တွင် morel မှိုများ ကောင်းမွန်စွာကြီးထွားလာသည်။ စန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ စန်းထင်မြို့နယ် တွင် ဂေဟစနစ် စိုက်ပျိုးရေး ဖွံ့ဖြိုးခဲ့ပြီး  လယ်သမားများအား ဒေသထွက် ကောက်ရိုးများကို စိုက်ပျိုးရေးအခြေခံအဖြစ် အသုံးပြုရန်  ပံ့ပိုးပေးခဲ့ ပါသည်။ လက်ရှိ အချိန်တွင် မြို့နယ်အတွင်းရှိ ဂျုံပင်၊ ပြောင်းဖူးပင်နှင့် အခြားသော အပင် များကို အသုံးပြု၍ စားသုံး နိုင်သော မှိုစိုက်ပျိုးသည့်ဧရိယာသည် ၁၃၃ တရုတ်ဧက ကျော်ရှိပြီး ဝင်ငွေစုစုပေါင်း ယွမ် ၃၆ သန်းကျော် ရရှိကာ ဒေသခံတောင်သူများ၏ဝင်ငွေတိုးရန် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်လာ သည်။