လူ ၂ဦးသေဆုံးပြီး ၁၀၆ဦး ဆေးရုံတက်နေရတဲ့ ဂျပန် Kobayashi Pharmaceuticalမှ ထုတ်လုပသော ကျန်းမာရေးထုတ်ကုန်ဆိုင်ရာ အရှုပ်တော်ပုံ ဆက်လက်ဖြစ်ပွား

(GMT+08:00)2024-03-28 14:15:39  

ဂျပန်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Kobayashi Pharmaceutical Co. ၏ red fermented rice ပါဝင်သော ကျန်းမာရေးထုတ်ကုန်ကို ပြန်လည်သိမ်းဆည်းမှုသည် ဆက်လက်ဖြစ်ပွားနေပါသည်။ ဒေသစံတော်ချိန် မတ်လ ၂၆ရက်နေ့က Kobayashi Pharmaceutical Co.က ၎င်းကုမ္ပဏီမှ ထုတ်လုပ်သည့် red fermented rice ပါဝင်သော ကျန်းမာရေး ထုတ်ကုန်ကို သောက်သုံးခဲ့သောကြောင့် စားသုံးသူတစ်ဦး  ကျောက်ကပ် ရောဂါဖြင့်  သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ထိုနေ့တွင်ပင် ဂျပန် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သောက်သုံးသူနောက်တစ်ဦး သေဆုံးခဲ့သောအစီရင်ခံစာကို ရရှိပြီဟု သတင်းထုတ်ပြန်ခဲ့ပါသည်။ Kyodo Newsဌာနမှ ၂၇ရက်နေ့ထုတ်သတင်းအရ ထိုကျန်းမာရေးထုတ်ကုန်ကို သောက်သုံးခဲ့ သောကြောင့် ဆေးရုံတက်သူဦးရေ ၁၀၆ဦးအထိ မြင့် တက်လာကြောင်း သိရပါသည်။

Kobayashi Pharmaceutical Co.မှ ထုတ်လုပ်သော red fermented rice ကုန်ကြမ်းကို ကိုယ်တိုင် ထုတ်လုပ်သော ကျန်းမာရေးထုတ်ကုန်များတွင် ထည့်ထားသည့် အပြင် အခြားကုမ္ပဏီများအား ရောင်းချပြီး ဘီယာနှင့်အစားအစာထုတ်လုပ်ရန် အသုံးပြု လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် Kobayashi Pharmaceutical Co.မှ ထုတ်လုပ်သော red fermented rice ကုန်ကြမ်းပါဝင်သော အစားအစာနှင့် ဟင်းခတ် အမွှေးအကြိုင်များကို ပြန်လည်သိမ်းဆည်းမှုပမာဏသည် ဂျပန်နိုင်ငံ တစ်ဝန်းအထိ တိုးချဲ့ပြီး ဖြစ်ကြောင်း ဂျပန် မီဒီယာမှ သတင်းအရ သိရပါသည်။