၇၉နှစ်မြောက် မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

(GMT+08:00)2024-03-28 14:16:15  

၇၉နှစ်မြောက် မြန်မာ့တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ရက်နေ့ ညက နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ စစ်ရေးပြအခမ်းအနားသို့ ကြည်း၊ ရေ၊ လေမှ တပ်မတော်သား ၇၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား ကိုယ်စား လှယ်များ၊မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံများစွာမှ သံတမန်ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော် လေးရာ နီးပါးတို့သည် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
    ယခုနှစ်တွင် ရာသီဥတု အခြေအနေကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နံနက်ပိုင်းမှ ညပိုင်းသို့ ပြောင်းလဲကျင်းပခဲ့ပါသည်။