ပိုအော် အာရှ ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

(GMT+08:00)2024-03-28 14:40:15  

မတ်လ ၂၈ ရက်နေ့တွင် ပိုအော် အာရှ ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပိုအော်မြို့၌ ကျင်းပခဲ့သည်။

ယခုအကြိမ် ပိုအော် အာရှ ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်မှာ “အာရှနှင့်ကမ္ဘာ ၊ ဘုံစိန်ခေါ်မှုများနှင့် ဘုံတာဝန်များ” ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင် ဖြေရှင်းပြီး ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာဝပြောရေး မြှင့်တင်ရေး တာဝန်ကို လက်တွဲ ထမ်းဆောင်ကြရန် ပန်ကြားထားကြောင်း သတင်းအရ  သိရှိရ သည်။