ပိုအော်အာရှဖိုရမ်သည် ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှု ပလက်ဖောင်းတစ်ခုဖြစ်ပြီး အလွန်အရေးကြီးသည်ဟု နိုင်ငံအများအပြားမှပုဂ္ဂိုလ်များဆို

(GMT+08:00)2024-03-28 14:39:12  

ပိုအော်အာရှဖိုရမ် ၂၀၂၄ နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဖိုရမ်ခွဲများ၊ ဆွေးနွေးပွဲများနှင့် အခြားလှုပ်ရှားမှုများစွာကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။

ဖင်လန်ဝန်ကြီးချုပ်ဟောင်း အယ်စကို အဟိုက  ဒါက ယနေ့ကမ္ဘာမှာ အတွေးအခေါ် ကူးလူးဖလှယ်ဖို့ အရေးကြီးတဲ့ ပလက်ဖောင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဤနေရာတွင် ကျွန်ုပ်တို့ အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ပြီး အလွန်ရှုပ်ထွေးသော ပြဿနာများကို အတူတကွ ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ ဒါက တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို သိရှိနားလည်ဖို့၊ တရုတ်က ကမ္ဘာကို ဘယ်လိုရှုမြင်သလဲဆိုတာ နားလည်ဖို့ အခွင့်ကောင်းကို ပေးစွမ်းနိုင်တာမို့ ဒီရှုထောင့်ကနေကြည့်ရင် ပိုအော်အာရှဖိုရမ် ဟာ အလွန် အဓိပ္ပာယ်ရှိပါတယ် လို့ပြောကြားပါတယ်။

Partners Group မှ Partners ချားစ် ဒါလာရေက  ယင်းသည် အဓိပ္ပာယ်ရှိသော ပွဲတစ်ခုဖြစ်ပြီး အာရှနှင့်ကမ္ဘာ့အခြားနေရာ ဆက်ဆံရေးအပေါ် အမြင်ချင်းဖလှယ်ရန် အလွန်တန်ဖိုးရှိသော ဖိုရမ်တစ်ခု လို့ ကျွန်ုပ် ထင်ပါတယ်ဟု ပြောကြားခဲ့ သည်။