တရုတ်နိုင်ငံ၏ ပထမဆုံး ကုဗမီတာ ၁၂၀၀၀ရှိ LNG သယ်ယူပို့ဆောင်ရေးသင်္ဘော အစမ်းခရီး စတင်

(GMT+08:00)2024-03-28 13:00:34  

မတ်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံပြည်တွင်း၌ ပထမဆုံး ကုဗမီတာ ၁၂၀၀၀ ရှိ LNG သယ်ယူပို့ဆောင်ရေးသင်္ဘော "Haiyang Shiyou 302" သည် ကျန်းစူးပြည်နယ်ရှိ ဆိပ်ကမ်းမှ ထွက်ခွာပြီး ပင်လယ်ရေကြောင်းစမ်းသပ်မှုခရီး စတင်ပြုလုပ်ခဲ့ပါသည်။

"Haiyang Shiyou 302" သင်္ဘောသည် စုစုပေါင်းအရှည် ၁၃၂.၉ မီတာ၊ အကျယ် ၂၂ မီတာနှင့် အနက် ၁၁.၈ မီတာ ရှိပြီး ကောင်းမွန်သော ထိန်းချုပ်နိုင်မှု၊ အလိုအလျောက် ဆိုက်ကပ် နိုင်စွမ်းနှင့် မြန်နှုန်းမြင့် စသည့် ထူးခြားချက်များ ရှိပါသည်။