ကမ္ဘာသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ဟု ပိုအော်အာရှဖိုရမ်သို့ တက်ရောက်သောဧည့်သည်တော်များ ဆို

(GMT+08:00)2024-03-28 14:38:00  

မတ်လ ၂၇ ရက်နေ့သည် ပိုအော်အာရှဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည်အစည်းအဝေး၏ ဒုတိယ မြောက် နေ့ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများအတွက် ကမ္ဘာသည် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ဟု အစည်းအဝေးသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ပြောသည်။

AstraZeneca Global အမှုဆောင်အရာရှိချုပ် ဆူဘိုကို က ကျွန်ုပ်တို့သည် ထုတ်လုပ်မှု အခြေချစခန်းသစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကို ရင်းနှီးမြှုပ်နှံထားသည်။ တစ်ခုက Wuxi မြို့မှာရှိပြီး နောက်တစ်ခုကတော့ Shandong ပြည်နယ် Qingdao မြို့မှာရှိကာ တရုတ်နိုင်ငံမှာ ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားပါသည်ဟု ပြောကြားသည်။

ဆော်ဒီအာရေးဗျ အခြေခံစက်မှုလုပ်ငန်းကော်ပရေးရှင်း ၏ CEO ဖြစ်သူ အာဘူဒူရာဟမန် အယ်လ် ဖာဂျီက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျွန်ုပ်တို့သည် Tianjin မြို့တွင် ကျွန်ုပ်တို့၏ ဖက်စပ်စက်ရုံကို တိုးချဲ့ ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် Fujian ပြည်နယ်ရှိ ကမ္ဘာ့အဆင့်မီ ရေနံဓာတု စက်ရုံတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ပြီး တည်ဆောက်မှု ဘက်စုံ စတင်မည်ပါပြီ။ ဤရင်းနှီးမြှုပ်နှံမှုများသည် တရုတ်ဈေးကွက်အပေါ် ကျွန်ုပ်တို့၏ယုံကြည်မှုကို အပြည့်အဝ ပြသနေ သည်ဟု ပြောကြားသည်။