စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးမှု ကုန်စည်ပြပွဲ၏ ပြခန်းနေရာ အကျယ်အဝန်းသည် စံချိန်သစ် တင်မည်

(GMT+08:00)2024-03-28 14:15:09  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ မတ်လ ၂၇ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးမှု ကုန်စည်ပြပွဲဆိုင်ရာ အခြေအနေကို မိတ်ဆက်ပေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ပြပွဲကို ဧပြီလ ၁၃ရက်နေ့မှ ၁၈ရက်နေ့အထိ ဟိုင်နန်ပြည်နယ်၌ ကျင်းပမည် ဖြစ်ကြောင်း၊ ပြခန်းနေရာ အကျယ်အဝန်းသည် စတုရန်းမီတာ ၁သိန်း ၂သောင်း ၈ထောင် ရှိပြီး စံချိန်သစ်တင်မည် ဖြစ်ကြောင်း၊ နိုင်ငံနှင့်ဒေသ ၅၉ခုမှ ကုန်တံဆိပ်ပေါင်း ၃၀၀၀ကျော် ပြပွဲတွင် ပါဝင်ပြသကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။