ဖိလစ်ပိုင်က ဒီဇာတ်လမ်းတွေ အကြိမ်ကြိမ် ပြသတာ ဘာလုပ်ဖို့လဲ

(GMT+08:00)2024-03-28 10:39:27  

  ယခုတလောမှာ ဖိလစ်ပိုင်ဟာ တောင်ပင်လယ်မှာ ပိုမို များပြားတဲ့ ဇာတ်လမ်းတွေ ဒါရိုက်တာပြု ပြသနေခဲ့တယ်။ တောင်ပင်လယ်ရှိ တရုတ်နိုင်ငံရဲ့ သန္တာကျောက်ဆောင်များကို တရားမဝင် ကျူးကျော်သိမ်းပိုက်နိုင်ဖို့ ဖိလစ်ပိုင်ဟာ "သနားစရာ ဇာတ်လမ်း" ပြသတာ၊ "လူကြမ်းဇာတ်လမ်း" ပြသတာ အမျိုးမျိုး လုပ်နေခဲ့တယ်။

   မကြာခင်ကပဲ တရုတ် Ren'ai သန္တာကျောက်ဆောင်အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းမှာ တရုတ် ပင်လယ်စောင့်ကြပ်ရေးရဲအဖွဲ့က တားမြစ်တဲ့အခါ ဖိလစ်ပိုင် သင်္ဘောပေါ်ရှိ လူတွေက ချက်ချင်း "အလံဖြူ" မြှောက်ပြခဲ့တယ်။ ဒီနောက်မှာ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တောင်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုင်ရာ တောင်းဆိုချက်တွေကို နိုင်ငံတကာ အနုညာတခုံရုံးသို့ တင်ပြမယ်လို့ ပြောကြားခဲ့တယ်။

   ဒါနဲ့ ဖိလစ်ပိုင်က ဒီဇာတ်လမ်းတွေ အကြိမ်ကြိမ် ပြသတာ ဘာလုပ်ဖို့လဲ။

ပထမ အနေနဲ့ ဖိလစ်ပိုင်က"သနားစရာ ဇာတ်လမ်း" ပြသတာနဲ့ တရုတ်နိုင်ငံကို အိုးမည်း သုတ် သရုပ်ဖျက်ပြီး တောင်ပင်လယ်မှာ ဖိလစ်ပိုင်ရဲ့ လိုအပ် တောင်းဆိုချက်တွေကို အားဖြည့်ဖို့ ရည်ရွယ်ထားတယ်။

ဒုတိယအနေနဲ့ ဖိလစ်ပိုင်က တောင်ပင်လယ်ရေးရာ ပိုမို ဟော့လာအောင် သတင်းဖြန့်ပြီး ဒီလိုနဲ့ အမေရိကန်က ဒေသဆိုင်ရာ ရေးရာများမှာ ဝင်ရောက် စွက်ဖက်ခြင်းအတွက် အကြောင်းပြချက်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့က လက်တွဲ ဆောင်ရွက်နေပြီး ရည်ရွယ်ချက်ကတော့ ဒေသ အတွင်းအပြင်က အင်အားများ ကို စုစည်းပြီး တရုတ်နိုင်ငံကို ဝိုင်းပိတ်ဖို့၊ နောက်ဆုံးမှာ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုအတွက် အကျိုးဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။

တတိယ အနေနဲ့ အမေရိကန်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့က လာမယ့် ဧပြီလမှာ ဝါရှင်တန်မှာ ထိပ်သီးအစည်းအဝေးကို ကျင်းပမှာ ဖြစ်ပြီး တောင်ပင်လယ်ရေးရာဟာ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမယ့် အဓိကအချက် တစ်ချက် ဖြစ်သွားနိုင်မယ်။ ဒီထိပ်သီးအစည်းအဝေးမှာ ပိုမိုများပြားတဲ့ တောင်ပင်လယ်ရေးရာနဲ့ ပတ်သက်တဲ့ ဆွေးနွေးဖွယ်ရာ အကြောင်းများ ဖန်တီးပေးတာကလည်း ဖိလစ်ပိုင်ရဲ့ ရည်ရွယ်ချက် တစ်ခု ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကာစင်က အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲ ကာကွယ်ရေးစာချုပ်ဟာ ယင်းဒေသမှာ အငြင်းပွားမှုများ ဟန့်တားဖို့အတွက် ကြီးမားတဲ့ တန်ဖိုး ရှိတယ်လို့ မီဒီယာအား ပြောကြားခဲ့တယ်။

အမေရိကန်ရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ဖိလစ်ပိုင်က တောင်ပင်လယ်မှာ အဆက်မပြတ် ရန်စမှုများ ပြုလုပ်နေခဲ့တယ်။ အဲဒါတွေဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ပြင်းထန်စွာ ထိခိုက်နေတယ်။ အမေရိကန် ဆိုနေတဲ့ ဒေသတွင်း စည်းစနစ်အပေါ် အကျိုးပြုမှုနဲ့ တန်ဖိုး ဆောင်ကြဉ်းမှု ဆိုတာ ဘယ်ရှိသလဲ။ သူတို့ ယူဆောင်လာတာက တည်ငြိမ်မှုလား ဒါမှမဟုတ် မတည်မငြိမ်မှုလား ဆိုတာ ဖြစ်ရပ်မှန်များက စောစောကပဲ အဖြေ ပေးလိုက်ပြီလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။