ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်သော သဘာပတိ သတင်းထုတ်ပြန်ချက်တွင် ပါကစ္စတန်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-03-28 14:16:40  

မတ်လ ၂၇ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပြန်သော သဘာပတိ သတင်းထုတ်ပြန်ချက်တွင် မတ်လ ၂၆ရက်နေ့က ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် Besham ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပါသည်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ တရုတ်နှင့် ပါကစ္စတန်အစိုးရအား ဝမ်းနည်း ပူဆွေးပြီး နှစ်သိမ့်အားပေးကြောင်း ဖော်ပြကြပါသည်။ မည်သည့်ပုံစံဖြင့်မဆို အကြမ်းဖက် ဝါဒသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း ထပ်လောင်းဖော်ပြကြပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သူ၊ စည်းရုံးသူနှင့် ထောက်ပံ့သူများအား ဥပဒေအရ အရေးယူရကြောင်း အလေးထားဖော်ပြကြပါသည်။ နိုင်ငံတကာဥပဒေ၏ တာဝန်ဝတ္တရားနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အတည်ပြုဆုံးဖြတ်ချက်အရ နိုင်ငံအားလုံးအား တရုတ်နှင့် ပါကစ္စတန်အစိုးရများ နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ ကြပါသည်။
    မတ်လ ၂၆ရက်နေ့က တရုတ်ကုမ္ပဏီမှ လက်ခံတည်ဆောက်သော ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် Dasu ရေအားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းမှ မော်တော်ယာဉ်များသည် အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသဖြင့် တရုတ်နိုင်ငံသား ၅ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ဦး သေဆုံးခဲ့ပါသည်။