ကန်နိုင်ငံ Marylandပြည်နယ် တံတား တစ်ခု သင်္ဘောတစ်စင်း၏ တိုက်မိမှု ခံရသောကြောင့် ပြိုကျ

(GMT+08:00)2024-03-27 15:43:12  

ဒေသ စံတော်ချိန် ယခုလ ၂၆ရက်နေ့ နံနက် ၁နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အမေရိကန် နိုင်ငံ Marylandပြည်နယ် Baltimoreမြို့ရှိ Francis Scott Key တံတားသည် စင်ကာပူ နိုင်ငံ အလံတော်တင် ကွန်တိန်နာ သင်္ဘောတစ်စင်း၏ တိုက်မိမှု ခံရသောကြောင့် တံတား၏ အစိတ်အပိုင်း ပြိုကျသွားခဲ့ကြောင်း၊ ၄င်းတံတား ပြိုကျမှုကြောင့် လူ ၂၀ဦးနှင့် မော်တော်ယာဉ်များစွာ မြစ်ထဲ ပြုတ်ကျခဲ့ကြောင်း၊ ယင်းအနက် လူ၂ဦးကို ကယ်ဆယ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ABCမှ သတင်းအရ သိရပါသည်။

အိမ်ဖြူတော်က ၄င်းအရေးအခင်းကို မျက်ခြေမပြတ် အာရုံစူးစိုက်နေကြောင်း၊ ၄င်းအ‌ရေးအခင်း ဖြစ်ပွားသည့် အကြောင်းရင်းမှာ မလိုမုန်းထားစိတ်ကြောင့် ကြံစည်သည့် လက္ခဏာ မတွေ့ရှိကြောင်း ပြောကြားခဲ့ပါသည်။