ပါကစ္စတန်နိုင်ငံသမ္မတသည် ကြေညာချက်ကိုထုတ်ပြန်ပြီး Dasuရေအားလျှပ်စစ်ဓာတ်အား ပေးစီမံကိန်းအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-03-27 15:41:13  

မတ်လ ၂၆ရက်နေ့က ပါကစ္စတန်နိုင်ငံ သမ္မတ အဆစ်ဖ်အလီ ဇာဒါရီသည် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ Dasu ရေအားလျှပ်စစ်ဓာတ်အားပေး စီမံကိန်း အပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသားများ အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ဝမ်းနည်းပူဆွေးကာ သေဆုံးခဲ့သော တရုတ် နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် တရုတ်အစိုးရအား နှစ်သိမ့် အားပေးကြောင်း ဖော်ပြခဲ့ပါသည်။ ၄င်းကြေညာချက်တွင် ပါကစ္စတန်-တရုတ်ချစ်ကြည်ရေး ကို အနှောင့်အယှက်ပေးရန် ပါကစ္စတန် ဆန့်ကျင်သူများ၏ ကြံစည်ချက်များ ဘယ်တော့မှ အောင်မြင်မည် မဟုတ် ကြောင်း ဖော်ပြထားပါသည်။