ယူကရိန်းသမ္မတသည် နိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်သစ်ကို ခန့်အပ်

(GMT+08:00)2024-03-27 15:42:20  

ဒေသစံတော်ချိန် မတ်လ ၂၆ရက်နေ့က ယူကရိန်းသမ္မတ Zelenskyyက ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေး ကောင်စီမှ အတွင်းရေးမှူး Danilovကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း၊ ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေး မှူးချုပ် Oleksandr Lytvynenkoအား အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေး ကောင်စီ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

Zelenskyyသည် Oleh Ivashchenkoအား ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း ယူကရိန်း အမျိုးသား သတင်းဌာနမှ သတင်းအရ သိရပါသည်။