အကြမ်းဖက်သမားများကို အနောက်နိုင်ငံများနှင့်ယူကရိန်းထောက်လှမ်းရေးများမှ ထောက်ပံ့ ခဲ့သည် ဟု ရုရှားအရာရှိဆို၊ ယူကရိန်းက ငြင်းဆို

(GMT+08:00)2024-03-27 15:38:02  

RIA Novostiမှသတင်းအရ ရုရှားပြည်ထောင်စုလုံခြုံရေညွှန်ကြားရေးမှူးချုပ် Bortnikov က မော်စကိုမြို့ဆင်ခြေဖုံးရှိ ကပွဲရုံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် အနောက်နိုင်ငံများနှင့် ယူကရိန်း ထောက်လှမ်းရေး ဌာနများ၏အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မတ်လ  ၂၆ ရက်နေ့က မီဒီယာများ မေးမြန်းရာတွင် ပြောကြားခဲ့သည်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုသည် အစွန်းရောက် သမား များက ဆောင်ရွက်ခြင်းဖြစ်သော်လည်း အနောက် နိုင်ငံများ၏ ထောက်လှမ်းရေးဌာနများက ၎င်းတို့ ကို အကူအညီပေးခဲ့ပြီး ယူကရိန်း ထောက်လှမ်းရေးဌာနသည် ထို ကိစ္စနှင့် တိုက်ရိုက် သက်ဆိုင် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတရုံး၏ အတိုင်ပင်ခံ Podolak သည် ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ ကပွဲရုံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုမှာ ယူကရိန်းပါဝင်ပတ်သက်မှု၏ ခြေ ရာ များ တွေ့ရှိကြောင်း ရုရှား၏ ပြောဆိုချက်ကို ငြင်းဆိုကာ လူမှုမီဒီယာတွင် မတ်လ၂၆ ရက်နေ့ က ပို့စ် တင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။