ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ်သည် အစ္စရေးအား လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရန် လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2024-03-27 15:40:23  

  ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မတ်လ ၂၅ ရက်နေ့က မဲပေးဆုံးဖြတ်သည့် နည်းလမ်းဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၇၂၈ ကို အတည်ပြုခဲ့ပြီး ရမ္မဇာန်လအတွင်း ဂါဇာဒေသ၌ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့ပါသည်။

   မတ်လ ၂၆ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်းနှင့် အစ္စရေး ရေးရာ ပုံမှန် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုတိယ ကိုယ်စားလှယ် ကင်စွမ်က လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရကြောင်း ပြောကြားပြီး နှစ်နိုင်ငံ ဖြေရှင်းရေး အစီအစဉ်ကို အမြန်ဆုံး ဖော်ဆောင်ရန်လည်း ပန်ကြားခဲ့ပါသည်။

   ကင်စွမ်က အစ္စရေး အနေနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ထိရောက်စွာ လိုက်နာဆောင်ရွက်ပြီး ဂါဇာဒေသအား စစ်ဆင်မှုနှင့် ဂါဇာဒေသရှိ လူထုများအား စုပေါင်း ပြစ်ဒဏ်ပေးခြင်းကို ရပ်စဲရန် တရုတ်နိုင်ငံက လှုံ့ဆော် တိုက်တွန်းကြောင်း၊ အမေရိကန် အနေနှင့် အပြုသဘောဆောင်သော အခန်းမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်ပြီး အစ္စရေးအား အပြုသဘောဆောင်သော သက်ရောက်မှုများ ပြုလုပ်၍ ဆုံးဖြတ်ချက် အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ရှိသမျှနည်းလမ်း ကျင့်သုံးရန် လှုံ့ဆော် တိုက်တွန်း ပါကြောင်း ပြောကြား ခဲ့ပါ သည်။