ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို သွားရောက် ကြည့်ရှု

(GMT+08:00)2024-03-27 15:37:36  

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်သည့် သတင်းအရ မတ်လ ၂၆ ရက်နေ့ညတွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Jiang Zaidong သည် ပါကစ္စတန်နိုင်ငံ Rawalpindi ရှိ သက်ဆိုင်ရာ ဆေးရုံသို့ သွားရောက်ခဲ့ပြီး Dasu စီမံကိန်း အကြမ်းဖက် တိုက်ခိုက်မှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကြည့်ရှု ခဲ့ကြောင်း သိရသည်။ ပါကစ္စတန် ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဥက္ကဋ္ဌ Sajjad နှင့် တရုတ်နိုင်ငံမှ ယင်းပရောဂျက်ခေါင်းဆောင် တို့သည်လည်း အတူ သွား ရောက်ခဲ့ကြ ပါသည်။

Jiang Zaidong နှင့် Sajjad တို့သည် တရုတ်နှင့် ပါကစ္စတန် ဝန်ထမ်းများကို ဦးဆောင်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများအား ဦးညွှတ်ပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြကာ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရန် ပါကစ္စတန်မှ တာ ဝန် ရှိသူများ အား မှာကြားခဲ့ပါသည်။ Jiang Zaidong က လူသတ်သမားကို လျှင်မြန်စွာ ဖမ်းဆီးပြီး အပြစ်ပေးရန် ပါကစ္စတန်ဘက်ကို တောင်းဆိုခဲ့တဲ့ တစ်ချိန်တည်းတွင်ပင် ပါကစ္စတန်ရှိ တရုတ်နိုင်ငံဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံပေးရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် ကာကွယ်မှုများကို တတ်နိုင်သမျှ လုပ်ဆောင် သွားရ မည် ဖြစ်ကြောင်း တောင်းဆို ခဲ့ပါသည်။