သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့ပြီးနောက် Nauru နိုင်ငံသမ္မတAdeang ၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်သည် ဤအချက်များကို ပြသနေ

(GMT+08:00)2024-03-27 15:35:47  

 တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ Nauru နိုင်ငံသည် ပစိဖိတ် ကျွန်းငယ်ပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ ၂၀၂၄ ခုနှစ် နွေဦးရာသီတွင် တရုတ်နှင့် Nauru နိုင်ငံအကြား ချစ်ကြည်ရေးသည် ပိုမို နက်ရှိုင်းလာပါသည်။

   မတ်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ Nauru နိုင်ငံ သမ္မတ Adeang သည် တိုင်းရေးပြည်ရာကိစ္စဖြင့် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေပါသည်။ ယင်းသည် ယခုနှစ် ဇန်နဝါရီလတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နောက်ပိုင်း Nauru နိုင်ငံသမ္မတ၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ် ဖြစ်ပါသည်။

   နိုင်ငံ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အားကောင်းသည်ဖြစ်စေ အားနည်းသည် ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ အားလုံး တန်းတူရည်တူ ဖြစ်သည်ဟု တရုတ်နိုင်ငံက တစ်လျှောက်လုံး စွဲကိုင်နေသည်။ သမ္မတ Adeang နှင့် တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က "ကျွန်တော်တို့က တောင်ပစိဖိတ်ဒေသမှာ မိတ်ဆွေဟောင်း တော်တော်များများ ရှိတယ်၊ အခု မိတ်ဆွေသစ်လည်း ရပြီ ဖြစ်လို့ ကျွန်တော် လွန်စွာ ဝမ်းသာပါတယ်" ဟု ပြောဆိုခဲ့သည်။ တန်းတူရည်တူ သဘောထားခြင်းသည် တရုတ် သံတမန်ရေး၏ ထင်ရှားသော အကျင့်တရား လက္ခဏာပင် ဖြစ်ပါသည်။

   တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူသည် တရုတ်နှင့် Nauru နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ယခုအကြိမ် ခရီးစဉ် အတွင်း နှစ်ဖက်တို့သည် ယင်းအခြေခံမူကို နောက်ထပ်တစ်ကြိမ် အတည်ပြုခဲ့ကြသည်။

   တရုတ်နှင့် Nauru နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးရေး တာဝန်နှင့် ရင်ဆိုင်နေရပါသည်။ Nauru နိုင်ငံ၏ စီးပွားရေးသည် သယံဇာတ အရင်းအမြစ် တင်ပို့မှုနှင့် ခရီးသွားလုပ်ငန်းကို အဓိက အားကိုးရသည်။ တရုတ်နိုင်ငံသည် ကဏ္ဍစုံ ကုန် ထုတ်လုပ်မှု ကွင်းဆက်ကို ပိုင်ဆိုင်ပြီး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ စီးပွားကုန်သွယ်ရေး စသည့် အသွင်ပုံစံများဖြင့် Nauru နိုင်ငံနှင့် အပြန်အလှန် ဖြည့်စွက်နိုင်ပါသည်။ ယခုအကြိမ် ခရီးစဉ်အတွင်း Nauru နိုင်ငံသည် တရုတ်နိုင်ငံနှင့် Belt and Road လက်တွဲ တည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုသည့် နောက်ထပ် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖော်ပြထားပါသည်။