ကာဇာတ်စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu သည် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်မည်

(GMT+08:00)2024-03-27 15:39:55  

မတ်လ ၂၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ကာဇာတ်စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Murat Nurtleu သည် မတ်လ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည် ဖြစ်ပြီး ပထမအကြိမ်မြောက် တရုတ်-ကာဇာတ်စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။