ရှီကျင့်ဖိန်သည် အမေရိကန် စက်မှုနှင့် ကုန်သွယ်ရေးလောကနှင့် မဟာဗျူဟာ သုတေသနလောကမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00)2024-03-27 15:39:24  

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် စက်မှုနှင့် ကုန်သွယ်ရေးလောကနှင့် မဟာဗျူဟာ သုတေသနလောကမှ ကိုယ်စားလှယ်များနှင့် ဘေကျင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့ကြောင်း၊ အစည်းအဝေး မစတင်မီ ရှီကျင့်ဖိန်သည် ကိုယ်စားလှယ်များ နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကာ၊  နေ့လယ် ၁၁ နာရီခန့်တွင် တွေ့ဆုံပွဲ စတင်ခဲ့ကြောင်း သတင်းအရ သိရှိရ သည်။