နှုတ်ပိတ်ခအမှုနဲ့ ပတ်သက်ပြီး အမေရိကန်တရားသူကြီးက သမ္မတဟောင်း ထရမ့်ကို လွတ်လပ်စွာ ပြောဆိုဝေဖန်ခြင်းကို တားဆီးပိတ်ပင်ရေးအမိန့်ကို ထုတ်ပြန်

(GMT+08:00)2024-03-27 15:37:04  

ဒေသစံတော်ချိန် မတ်လ ၂၆ ရက်နေ့က အမေရိကန်သမ္မတဟောင်း ထရမ့်၏ နှုတ်ပိတ်ခအမှုကို ဆောင် ရွက် ပေးနေသော တရားသူကြီး Juan Merchant သည် သက်သေများ၊ အစိုးရရှေ့နေများနှင့် ဂျူရီအဖွဲ့ဝင်များကို ထိုးနှက်ခြင်းမပြုရန် ထရမ့်အား လွတ်လပ်စွာ ပြောဆိုဝေဖန်ခြင်းကို   တားဆီး ပိတ်ပင် ရေး အမိန့် ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာ ပြောဆိုဝေဖန်ခြင်း တားဆီးပိတ်ပင်ရေးအမိန့်အရ ထရမ့် သည် အမှုတွင် သက်သေများ ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လူသိရှင်ကြားထွက်ဆိုချက်များကို ထုတ်ပြောခြင်း သို့မဟုတ် အခြား သူများကို ထွက်ဆိုရန် ညွှန်ကြားခြင်းမပြုနိုင်ပါ။ ထရမ့်ကို အစိုးရရှေ့နေများနှင့် တရားရုံး ဝန်ထမ်းများ အပေါ် မှတ်ချက်ပေးခြင်းကိုလည်း တားမြစ်ထားသည်။