မော်စကိုပြည်နယ် ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် သေဆုံးသူများထဲမှ ၁၂၀ ဦး၏ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့

(GMT+08:00)2024-03-27 15:36:21  

ဒေသစံတော်ချိန် မတ်လ ၂၆ ရက်နေ့ ညပိုင်းက ရုရှားနိုင်ငံ အရေးပေါ်အခြေအနေဌာနသည်  မော်စကိုပြည်နယ် ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် သေဆုံးသူများ အမည်စာရင်းကို update လုပ်ခဲ့ပြီး ယခုအချိန်အထိ သေဆုံးသူ ၁၂၀ ဦး၏ အမည်စာရင်းကို အတည်ပြုထားပြီးဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ ညပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ကပွဲရုံ တစ်ခုတွင် ပြင်းထန်သော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီမှ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သေဆုံးသူ ဦးရေမှာ ၁၃၉ ဦးရှိပြီး ၁၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။