တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ်၏ ဧည့်သည်များက တရုတ် နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်လောင်းပေးဟုဆို

(GMT+08:00)2024-03-26 16:48:42  

တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသည် မတ်လ ၂၅ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယခုအကြိမ်ဖိုရမ်တွင်  ပါဝင်သော အလွှာပေါင်းစုံမှ ဧည့်သည်များက တရုတ်အစိုးရသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့်တံခါး ဖွင့်ရေး တွန်းအားပေးခြင်းကို စွဲကိုင်၍ ၎င်း၏ရှင်သန်မှုကို ဆက်တိုက် ဖော်ဆောင်နေသည့် တစ်ချိန်တည်းတွင်   ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားသစ်လောင်းပေးနေသည်ဟု ပြောကြားခဲ့ကြပါသည်။

    ဖိုရမ်တွင်ပါဝင်သည့် အဓိကနိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ယခုနှစ်တွင် တရုတ်အစိုးရက ပြုပြင်ပြောင်းလဲရေးမြှင့်တင်ရန် အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို ဖော်ဆောင်ပေးခဲ့ကြောင်း၊ ယင်းသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော အလားအလာများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ပြော ခဲ့ကြ သည်ဟု သတင်းအရ သိရှိရသည် ။