ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌသည် ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှု၏ အချိန် နှင့် အချက်အလက်တွေကို ဖော်ပြ

(GMT+08:00)2024-03-26 16:38:34  

ဒေသစံတော်ချိန် မတ်လ ၂၅ ရက်နေ့က ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဘာစ်ထရေကင် သည် မော်စကိုမြို့ ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှုတွင် လူ ၁၃၉ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ပြည်ထောင်စုလုံခြုံရေး အစည်းအဝေးတွင် ကြေညာ ခဲ့သည်။

  ဘာစ်ထရေကင် သည် အကြမ်းဖက်တိုက်ခိုက်မှု၏ အသေးစိတ် အချိန်နှင့် အချက် အလက်တွေကိုလည်း ဖော်ပြခဲ့သည်။

   မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၅၄ မိနစ်တွင် အကြမ်းဖက်သမား ၄ ယောက်က ကား တစ်စီးမောင်းပြီး ကရော်ကူစ် ကပွဲရုံအနီးသို့ ရောက်ရှိကာ ပရိသတ်များ ရောက်လာတာကို စောင့်ခဲ့ကြသည်။

   ည ၇ နာရီ ၅၈ မိနစ်တွင် အကြမ်းဖက်သမားများသည် ကပွဲရုံအနီး၌ လမ်းပေါ်ရှိ လူသွားလူလာများအား ပစ်ခတ်ခဲ့သည်။ ထို့နောက် ကပွဲရုံသို့ ဝင်ပြီး တွေ့သမျှလူများအား ပစ်ခတ်ခဲ့ကြသည်။

   ည ၈ နာရီ ၁၁ မိနစ်တွင် အကြမ်းဖက်သမားများသည် သူတို့ ယူဆောင်လာသည့် ပလပ်စတစ်ဗူးဖြင့် ထည့်ထားသော ဓာတ်ဆီဖြင့် ကပွဲရုံအတွင်း မီးရှို့ခဲ့သည်။ ထို့နောက် ကားမောင်းပြီး ထွက်ခွာခဲ့ကြသည်။