ရှီကျင့်ဖိန်သည် Nauru နိုင်ငံသမ္မတ Adeang နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-03-26 11:29:35  

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံကို  အလည်အပတ်ရောက်ရှိနေသည့် Nauru နိုင်ငံသမ္မတ Adeang နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရှီကျင့်ဖိန်က တန်းတူရည်တူဆက်ဆံခြင်းသည် တရုတ်နိုင်ငံခြားဆက်ဆံရေး၏ ထင်ရှားသောအကျင့်တရားလက္ခဏာဖြစ်ကြောင်း၊ နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ နိုင်ငံအားလုံးသည် နိုင်ငံတကာ အသိုက် အဝန်း၏ တန်းတူညီမျှအဖွဲ့ဝင်များဖြစ်သည်ကို တရုတ်နိုင်ငံက အမြဲထိန်းသိမ်းထားကြောင်း၊ တရုတ်နှင့် Nauru ကြား ဆက်ဆံရေးသည် အပြန်အလှန် လေးစားပြီး တန်းတူညီမျှအကျိုးတူဖြစ်ကာ အပြန်အလှန် ထောက်ခံသောဆက်ဆံရေးဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။