ရှီကျင့်ဖိန်သည် ဟွန်ဒူးရ်စ်သမ္မတနှင့် ဂုဏ်ပြု သဝဏ်လွှာကို အပြန်အလှန် ပေးပို့

(GMT+08:00)2024-03-26 11:30:20  

မတ်လ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟွန်ဒူးရ်စ်နိုင်ငံ သမ္မတ ကာစထရိုတို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် တစ်နှစ်ပြည့် မြောက်ခြင်းအတွက် ဂုဏ်ပြု သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ဟွန်ဒူးရ်စ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် တစ်နှစ်အတွင်း နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေး၊ တန်းတူညီမျှပြီး အပြန်အလှန် အကျိုးရှိစေရေးနှင့် အကျိုးတူ ဖွံ့ဖြိုးရေး မူများကို စွဲကိုင်ပြီး နှစ်ဖက် ဆက်ဆံရေး အရည်အချင်းမြင့်မားစွာ တိုးတက်ရေး ဖော်ဆောင်ခြင်းကို တွန်းအား ပေးခဲ့ကြောင်း၊ ဟွန်ဒူးရ်စ်နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ကျင့်သုံးပြီး ယင်းအပေါ် မိမိက လွန်စွာ တန်ဖိုးထားချီးကျူးပါကြောင်း၊ မိမိသည် တရုတ်နှင့် ဟွန်ဒူးရ်စ် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ ကာစထရိုနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့၍ နှစ်နိုင်ငံ ဆက်ဆံမှု၏ ပိုမို သာယာသော အနာဂတ်ရေးကို ဖွင့် လှစ်ပေးလိုပါကြောင်း ဖော်ပြထားပါသည်။

   ကာစထရိုက ဟွန်ဒူးရ်စ်နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ပြီး တရုတ်နိုင်ငံနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်သည့်၊ အပြန်အလှန် လေးစားသည့် ဆက်ဆံမှု တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဆုတောင်းပါကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။