၂၀၂၄ခုနှစ် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

(GMT+08:00)2024-03-26 16:47:36  

 ၂၀၂၄ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၆ ရက်နေ့ တွင် ဖွင့်လှစ်လိုက်ပါသည်။ လေးရက်ကြာကျင်းပမည့်  ပိုအော် အာရှဖိုရမ်တွင်  ဖိုရမ်ခွဲ ၄၀ ကျော် ရှိပြီး "အာရှနှင့်ကမ္ဘာ   ဘုံစိန်ခေါ်မှု၊ ဘုံတာဝန်" ဟူသော ဆောင်ပုဒ် နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။ 

    သက်ဆိုင်ရာသတင်းအရ ယခုအကြိမ်နှစ်ပတ်လည်အစည်းအဝေးတွင် ဖွင့်ပွဲအခမ်းအနား၊ လုပ်ငန်းရှင်ဆွေးနွေးပွဲများ၊ ဖိုရမ်ခွဲများ၊ စားပွဲဝိုင်းအစည်းအဝေးများ၊ အစီရင်ခံစာ ထုတ်ပြန်ပွဲများ စသော လှုပ်ရှားမှုများ ပါဝင်ပြီး၊ ဘက်အသီးသီး တို့ အတွက် နက်ရှိုင်းစွာ ကူးလူးဖလှယ်ရန်နှင့် ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အဆင့်မြင့်ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။