ရှီကျင့်ဖိန်သည် ဒိုမီနီကာ ဝန်ကြီးချုပ် Skerrit နှင့် တွေ့ဆုံ

(GMT+08:00)2024-03-26 11:28:38  

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိလာသော ဒိုမီနီကာနိုင်ငံ ဝန်ကြီးချုပ် Skerrit နှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က ဒိုမီနီကာပြည်သူများအား ၎င်းတို့၏ နိုင်ငံတော်အခြေအနေများနှင့်ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံကြောင်း၊ ဒိုမီနီကာ နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများ အရှိန်အဟုန်မြှင့်တင်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်မှု ဆိုင်ရာ အတွေ့အကြုံ ဖလှယ်မှုများကို အားသစ်လောင်းပေးလိုကြောင်း ပြောကြား ခဲ့သည်။