လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ရမ္မဇာန်လအတွင်း ဂါဇာဒေသ၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် တောင်းဆို

(GMT+08:00)2024-03-26 16:41:27  

ဒေသစံတော်ချိန် မတ်လ ၂၅ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး ရေရှည် ဆက်တိုက် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်ဆောင်ရန်အတွက် ရမ္မဇာန်လအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် တောင်းဆိုထားသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ခဲ့ သည့်နောက်ပိုင်း လုံခြုံရေးကောင်စီက ဂါဇာကမ်းမြောင်ဒေသ၌ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး  တရုတ်နိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီဝင်နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပြီး အမေရိကန်က ကြားနေမဲ ပေးခဲ့သည်။ 

ထိုနေ့တွင် လုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှုတွင် အမေရိကန်က ကန့်ကွက်မဲ မပေးခြင်းကို အပြစ်တင်ကြောင်း အစ္စရေး ၀န်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက် သည် အစ္စရေး၏ စစ်ပွဲ အောင်မြင်မှုများနှင့် အဖမ်းခံရသူများ လွတ်မြောက်ရေး ကြိုးပမ်း မှု များ ကို ထိခိုက်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။