မော်စကို ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှုမှ သေဆုံးသူများ၏ မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်မည်ဟု ရုရှား ဒု၀န်ကြီးချုပ် ဆို

(GMT+08:00)2024-03-26 16:42:50  

ဒေသစံတော်ချိန် မတ်လ ၂၃ ရက်မှ ၂၄ ရက် နေ့ အထိ ပြည်သူလူထု ပေါင်း ၁၁၀၀၀ ကျော်သည် သွေး လီတာ ၄၆၀၀ ကျော်နှင့် သွေး ပလာစမာ လီတာ ၁၁၀၀ ကျော်ကို လှူဒါန်းခဲ့ကြောင်း ရုရှား ဒုဝန်ကြီးချုပ် ဂိုလီကိုဗာ က မတ်လ  ၂၅ ရက်က ပြောကြားခဲ့သည်။ ထို့အပြင်၊ ရုရှား အစိုးရသည် ရူဘယ် ၁ ဘီလီယံခန့် စုဆောင်းထားပြီး သေဆုံးသူများ၏ မိသားစုများ၊ ဒဏ်ရာရသူများနှင့် ၎င်းတို့၏ မိသားစုများအား ထောက်ပံ့ကူညီပေးမည်ဖြစ်သည်။ 

ရှာဖွေရေးလုပ်ငန်းကို မတ်လ၂၆ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး သမားများ သည် ကပွဲရုံတွင် ရှာဖွေရေးလုပ်ငန်းများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၊မော်စကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဗိုရိုဘယိုဗ် က အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။