ဖိလစ်ပိုင်သည် Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ်သင်္ဘောအား ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်း အရေးနှင့် ပတ်သက်ပြီး Chen Xiaodong သည် ဖိလစ်ပိုင်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00)2024-03-26 16:52:05  

မတ်လ ၂၅ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Chen Xiaodong သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theresa P. Lazaro ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသည် Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ်သင်္ဘောအား ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်း အရေးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပါသည်။

    ဒုတိယဝန်ကြီး Chen Xiaodong က မတ်လ ၂၃ရက်နေ့က ဖိလစ်ပိုင်အရပ်ဘက် သင်္ဘောတစ်စင်းနှင့် ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ သင်္ဘောနှစ်စင်းတို့သည် တရုတ် အစိုးရ၏ ခွင့်ပြုချက် မရဘဲ တရုတ်နိုင်ငံ နန်းဆာကျွန်းစု Ren'ai Reef အနီးတစ်ဝိုက် ပင်လယ် ရပ်ဝန်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ် သင်္ဘောအား ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် ပစ္စည်းများကို သယ်ယူပို့ဆောင်ပြီး ရေရှည်ကင်းရုံကို တည်ဆောက်ကာ ရေရှည် တရားမဝင် သိမ်းပိုက်မှု အကောင်အထည်ဖော်ရန် ကြံစည်ခဲ့ကြောင်း၊ ၄င်းမှာ တောင်ပင်လယ် ဘက်အသီးသီး တို့၏ ဆောင်ရွက်ချက်ကြေညာစာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ၏ ကိုယ်တိုင်ကတိပြုချက်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာအခွင့်အရေးများကို ပြင်းထန်စွာ ကျူးကျော်ထိခိုက်ခြင်း ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်၍ တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ် သားသား ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် Ren'ai Reef အပါအဝင် နန်းဆာကျွန်းစုနှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းကို မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာဥပဒေများအရ လိုအပ်သော ဆောင်ရွက်ချက်များဖြင့် နိုင်ငံတော်၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးများကို ဆက်လက်ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။