ယခုနှစ် ပထမ နှစ်လအတွင်း ဟိုင်နန်း ပြည်နယ်နှင့် အခြားသော ပိုအော် အာရှဖိုရမ် ကမကထ ပြု နိုင်ငံများအကြား သွင်းကုန်ပို့ကုန် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ

(GMT+08:00)2024-03-25 15:40:35  

ယခုနှစ် ပထမ နှစ်လအတွင်း ဟိုင်နန်း ပြည်နယ်နှင့် အခြားသော ပိုအော် အာရှဖိုရမ် ကမကထပြုနိုင်ငံ ၂၈ နိုင်ငံအကြား သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ၁၇.၃၁ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅၂.၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတို့အနက် ပို့ကုန်ပမာဏမှာ ၅.၉၃ ဘီလီယံ ရှိပြီး ၁၂၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ သွင်းကုန်ပမာဏမှာ ၁၁.၃၈ ဘီလီယံ ရှိပြီး ၃၁ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုင်နန်းပြည်နယ် ဟိုင်ခိုမြို့ အကောက်ခွန်ဌာနမှ သတင်းအချက်အလက်များကို ကိုးကားပြီး  China Media Groupမှ သတင်းဖော်ပြထားပါသည်။