မော်စကိုပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် သေဆုံးသူများအား ရုရှားနိုင်ငံသမ္မတ ပူတင်က ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2024-03-25 16:18:45  



ဒေသစံတော်ချိန် မတ်လ ၂၄ရက်နေ့က ရုရှားနိုင်ငံသမ္မတ ပူတင်သည် သမ္မတရုံးတည်ရှိသောနေရာရှိ ဘုရားဝတ်ကျောင်း၌ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများအား ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မတ်လ ၂၄ရက်နေ့သည် ရုရှားနိုင်ငံ၏ ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ်နေ့ဖြစ်သည်။ ရုရှားပြည်သူများသည် မတ်လ ၂၂ရက်နေ့က မော်စကိုပြည်နယ် ကပွဲရုံ၌ ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများအား ဝမ်းနည်းကြေကွဲကြောင်းကို  ပုံစံမျိုးစုံဖြင့် ဖော်ပြခဲ့ကြ သည်။