တရုတ်နိုင်ငံ၏ စီးပွားရေး ရှင်သန်လာမှုသည် အလုပ်ကြိုးစားမှု၏ ရလဒ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဆို

(GMT+08:00)2024-03-25 16:15:45  



မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည် အစည်းအဝေး၏ ပထမအကြိမ် နှီးနှောဖလှယ်ပွဲတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Ajay Banga က မိန့်ခွန်း ပြောကြားရာ စီးပွားရေးအုပ်စု အားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသည် တစ်လျှောက်လုံး ချောမွေ့ခြင်း မဟုတ်ဘဲ ဆုတ်ယုတ်မှုများနှင့် အမှားများ ပြည့်နှက်နေပြီး တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက် လာခြင်း ဖြစ် ကြောင်း၊ လွန်ခဲ့သော ဆယ်နှစ်ခန့်က တရုတ်နိုင်ငံသည် ကြီးမားသော လေထုညစ်ညမ်းမှုပြဿနာများ ကြုံတွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် တရုတ်နိုင်ငံသည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ကောင်းကင် ပြာပြာကြီးကို အမြဲတွေ့နိုင်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏စီးပွားရေး ရှင်သန်လာမှုကဲ့သို့ပင် အလုပ် ကြိုးစားမှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။