တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းကို တိုးမြှင့်မည်

(GMT+08:00)2024-03-25 16:20:36  

  

တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်း အဝေးကို ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း၌ စတင် ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နေသော တရုတ်ပြည်" ဖြစ်ပါသည်။

   အဓိက နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ ရှေ့ပြေး ကုမ္ပဏီများမှ တာဝန်ခံများ၊ ကမ္ဘာ့ နာမည်ကြီး ပညာရှင်များသည် တရုတ်ပြည် ဆက်တိုက် ဖွံ့ဖြိုးရေး အပါအဝင် အကြောင်း အရာ များစွာကို ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

   ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ်က တရုတ်နိုင်ငံသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ပြီး ယင်းသည် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအတွက် ဈေးကွက် အခွင့်အလမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အမြောက် အမြားကို ဖန်တီး ပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အဆောက်အအုံ များ အဆင့် မြှင့်တင်ခြင်းကို တိုးမြှင့်မည် ဖြစ်ပြီး နှစ်စဉ် အတိုင်းအတာ ယွမ် ဘီလီယံ ၅၀၀၀ အထက် ရှိသည့် ဈေးကွက်ကြီး ဖြစ်တည်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။