ပိုအော် အာရှ ဖိုရမ် သတင်းစင်တာကို မတ်လ ၂၅ရက်နေ့တွင် ဖွင့်လှစ်မည်

(GMT+08:00)2024-03-25 16:17:13  



၂၀၂၄ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ ဟိုင်နန်းပြည်နယ် ပိုအော်၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေး၏ဆောင်ပုဒ်မှာ “အာရှနှင့်ကမ္ဘာ--ဘုံစိန်ခေါ်မှုများ နှင့် ဘုံတာဝန်များ” ဖြစ်ကြောင်း၊ “ကမ္ဘာ့စီးပွားရေး” “သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး” “လူမှုဖွံ့ဖြိုးတိုးတက်ရေး” “နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး” စတဲ့ ကဏ္ဍကြီး ၄ခု  ထားရှိပြီး ဖိုရမ်ခွဲလှုပ်ရှားမှု ၄၀ကျော်ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

မတ်လ ၂၅ရက်နေ့ညနေပိုင်းတွင် ဖိုရမ်၏သတင်းစင်တာ တရားဝင်ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဖိုရမ်၏ ပြင်ဆင်ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်နေကြောင်း သတင်း ရရှိပါသည်။