လီချန်သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2024-03-24 15:28:47  

မတ်လ ၂၄ ရက်နေ့က တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

ထို့သို့ မိန့်ခွန်းပြောကြားခဲ့ရာ လီချန်က ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ဆက်တိုက် ဖွံ့ဖြိုးတိုးတက်သော တရုတ်နိုင်ငံ" ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လက်တွေ့ကျကျ ဖော်ပြခြင်းဖြစ်သည့်အပြင် အလွှာပေါင်းစုံ၏ တရုတ် စီးပွားရေး ရေရှည် တည်ငြိမ်ပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်မှုများနှင့် မျှော်မှန်းချက်များကို အပြည့်အဝ ပြသထားကြောင်း၊ ပြီးခဲ့သော ၁ နှစ်အတွင်း မိမိတို့သည် ပြင်ပဖိအားများကို ခံနိုင်ရည်ရှိပြီး ပြည်တွင်း အခက်အခဲများကို ကျော်လွှားကာ တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အဓိက ပန်းတိုင်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ စီးပွားရေး ပြန်လည် ဦးမော့လာမှုအခြေအနေ ဆက်လက် အားကောင်းလာပြီး စက်မှုလုပ်ငန်းအသစ်များ၊ ပုံစံ အသစ်များနှင့် တွန်းအားအသစ်များသည် ပိုမို လျင်မြန်စွာ တိုးတက်လာကာ တရုတ် စီးပွားရေး ခိုင်မာသော ခံနိုင်ရည်ရှိမှု၊ ကောင်းမွန်သော အလားအလာ၊ တက်ကြွမှုနှင့် ရေရှည် အပြုသဘောဆောင်သော ဖွံဖြိုးတိုးတက်မှု အခြေခံ အခြေအနေများ ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားသည်။