ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံးကို ဖမ်းမိမှသာ ရှီဖာဆေးရုံတွင် စစ်ဆင်ရေး ပြီးဆုံးမည်ဟု အစ္စရေးစစ်တပ် ဆို

(GMT+08:00)2024-03-24 12:26:20  

ဂါဇာမြို့ရှိ ရှီဖာဆေးရုံက ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံးကို ဖမ်းမိမှသာ အစ္စရေးစစ်တပ်သည် ၎င်း၏စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုနေ့အစောပိုင်း၌ အစ္စရေးစစ်တပ်သည် ရှီဖာဆေးရုံ စစ်ရေးလှုပ်ရှားမှုတွင် ပါလက်စတိုင်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး သံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါသည်။

မတ်လ ၂၃ရက်နေ့တွင် ပါလက်စတိုင်း အစိုးရသတင်းဌာန WAFA သည် ဂါဇာ ဆေးဘက်ဆိုင်ရာဌာနမှ ပုဂ္ဂိုလ်၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ရာတွင် ရှီဖာဆေးရုံသည် အခြေအနေဆိုးရွားနေပြီး ရေ၊ အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ချို့တဲ့နေကြောင်း ဖော်ပြခဲ့ပါသည်။