မော်စကိုမြို့အနီးရှိ ကပွဲရုံတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၁၄၃ ဦး သေဆုံး

(GMT+08:00)2024-03-24 12:28:14  

မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ကပွဲရုံတစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၄၃ ဦး သေဆုံးခဲ့ကြောင်း ဒေသစံတော်ချိန် မတ်လ ၂၃ ရက်နေ့ ရုရှားသတင်းအေဂျင်စီမှ သတင်းအရ သိရပါသည်။

ထို့အပြင် ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီမှ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာ မော်စကိုမြို့ ဆင်ခြေဖုံးရှိ ကပွဲရုံ၏ အပျက်အစီးများကို ရှင်းလင်းရာတွင် ရုပ်အလောင်း အများအပြား တွေ့ရှိခဲ့ကြောင်း ၊ လက်ရှိ အချိန်အထိ အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၁၃၃ ဦး သေဆုံးသွားကြောင်း၊ ရှာဖွေရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။