တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ စတင်ကျင်းပ

(GMT+08:00)2024-03-24 12:27:44  

နှစ်ရက်ကြာ ကျင်းပမည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ ၂၄ရက်နေ့ နံနက်ပိုင်းတွင် ဘေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ Fortune 500 ကုမ္ပဏီများနှင့် ကမ္ဘာ့ စီးပွားရေး အသိုက်အဝန်းမှ ဧည့်သည်တော် ၁၁၀ ကျော်တို့သည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ခေါင်းစဉ်များစွာဖြင့် အပြန်အလှန် ကူးလူးဖလှယ်ပြီး ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။