Tianjin International Cruise Home Port ပြန်လည်ဖွင့်လှစ်ပြီးသည့်နောက် လိုက်ပါစီးနင်းသူ ၂သိန်းရှိ

(GMT+08:00)2024-03-24 12:29:48  

မတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ခရီးသည်၂၀၀၀ကျော်တင်ဆောင်ထားသည့် ဘဟားမားနိုင်ငံမှ  "Dream" အပျော်စီးသင်္ဘောသည် ဂျပန်နိုင်ငံဖူကူအိုကာမြို့နှင့် တောင်ကိုရီးယားနိုင်ငံဂျယ်ဂျူးမြို့သို့သွားရောက်ရန် ထျန်ကျင်မြို့မှ ထွက်ခွာပြီး ၆ရက်၅ညကြာ ခရီးစဉ်စတင်ခဲ့ပါသည်။ ယခုအကြိမ်ခရီးစဉ်သည် ယမန်နှစ် စက်တင်ဘာလ Tianjin International Cruise Home Port ပြန်လည်ဖွင့်လှစ်သည့်နောက်ပိုင်းတွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ၂သိန်း ကျော်လွန်ခဲ့ပါသည်။