နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုအတွက် တရားမျှတပြီး ကြိုတင်မှန်းဆနိုင်သည့် တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အမေရိကန်နှင့် လက်တွဲဆောင်ရွက်လိုကြောင်းတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-03-24 12:25:45  

တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang Wentao သည် Apple CEO Cook နှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ Wang Wentao က တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် တည်ငြိမ်သော တွန်းအားဖြစ်ကြောင်း ၊ နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများပူးပေါင်းဆောင်ရွက်မှုအတွက် တရားမျှတပြီး ကြိုတင်မှန်းဆနိုင်သည့် တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

Cook က တရုတ်နိုင်ငံတွင် ကြွယ်ဝသော လူ့စွမ်းအားအရင်းအမြစ်များနှင့် ခိုင်မာသော ဆန်းသစ်တီထွင်မှု တက်ကြွမှုများရှိပြီး Apple ကုမ္ပဏီအတွက် အရေးကြီးသော ဈေးကွက်နှင့် အဓိက ထောက်ပံ့ရေးကွင်းဆက်မိတ်ဖက်ဖြစ်ကြောင်း၊ Apple ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်အားဖြည့်ဆောင်ရွက်မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက်၊ R&D နှင့် ရောင်းချရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။