ဖုန်လိယွမ် သည် ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် တီဘီ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို စစ်ဆေး

(GMT+08:00)2024-03-24 15:28:09  

မကြာခင်ရက်များက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကုသရေး ဆိုင်ရာ ချစ်ကြည်ရေး သံတမန် ဖုန်လိယွမ် သည် ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ တုန့်ကျင်ရပ်ကွက်တွင် အခြေခံရပ်ကွက်များ၏ တီဘီရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို စစ်ဆေးခဲ့သည်။

မတ်လ ၂၄ ရက်နေ့သည် ၂၉ နှစ်မြောက် ကမ္ဘာ့ တီဘီ ရောဂါနေ့ ဖြစ်သည်။ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ဆောင်ပုဒ်မှာ "သင်နှင့်ကျွန်ုပ်တို့ အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပြီး တီဘီရောဂါ ပြန့်ပွားမှုကို အဆုံးသတ်" ဖြစ်သည်။