ရုရှားသမ္မတ ပူတင်က အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြား

(GMT+08:00)2024-03-24 12:27:11  

မတ်လ ၂၃ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်သည် ရုရှားနိုင်ငံရှိ ကပွဲရုံတစ်ခုတွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်သူများအား ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားပြီး မတ်လ ၂၄ ရက်နေ့ကို တစ်ပြည်လုံးဆိုင်ရာ ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု ကြေညာခဲ့ပါသည်။

ပူတင်က အဆိုပါတိုက်ခိုက်မှုသည် သာမန်ပြည်သူများကို ရည်ရွယ်ထားသော သွေးထွက်သံယို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး လူအများအပြား သေဆုံးစေကြောင်း၊ လက်ရှိအချိန်အထိ အကြမ်းဖက်တိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်သူ ၄ ဦးအပါအဝင် လူ ၁၁ ဦးကို သက်ဆိုင်ရာဌာနများက ဖမ်းဆီးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပူတင်က ရုရှားနိုင်ငံသည် နိုင်ငံတကာအကြမ်းဖက်ဝါဒ ယင်းဘုံရန်သူကို အတူတိုက်ဖျက်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။