အစိုးရလုပ်ငန်းအချို့ ပိတ်ပစ်ခြင်းကို ရှောင်ရှားရန် အမေရိကန်သမ္မတ ဘိုင်ဒင်သည် ဒေါ်လာ ၁.၂ ထရီလီယံ တန်ဖိုးရှိသော အစိုးရ လျာထားငွေစာရင်းကို လက်မှတ်ရေးထိုး

(GMT+08:00)2024-03-24 12:29:20  

အောက်တိုဘာလ ၁ ရက်နေ့အထိ အစိုးရရန်ပုံငွေကို အာမခံပေးရန်နှင့် အစိုးရလုပ်ငန်းအချို့ ပိတ်ပစ်ခြင်းကို ရှောင်ရှားရန်အတွက် ဒေသစံတော်ချိန် ၂၃ ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒင်သည် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁.၂ ထရီလီယံ ရှိသော အစိုးရ လျာထားငွေစာရင်း တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း CNBC မှ သတင်းအရ သိရပါသည်။

အဆိုပါ လျာထားငွေစာရင်းအရ လျာထားငွေ ၆ ခုရှိပြီး နိုင်ငံတော် ကာကွယ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ အမိမြေလုံခြုံရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု စသည် အစိုးရဌာနများအား ငွေကြေးပေးအပ်မည်ဖြစ်သည်။ ထိုမတိုင်ခင် မတ်လ လဆန်းပိုင်းက အမေရိကန်လွှတ်တော်သည် ဒေါ်လာ ၄၅၉ ဘီလီယံတန်ဖိုးရှိသော အသုံးစရိတ်ကို အတည်ပြုခဲ့သည်။