ရုရှားနိုင်ငံအတွင်း ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြား

(GMT+08:00)2024-03-24 12:25:09  

မေး- ဒေသစံတော်ချိန် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ရုရှားနိုင်ငံ မော်စကိုပြည်နယ် Krasnogorsk ရှိ ကပွဲရုံမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ မှတ်ချက်က ဘယ်လိုပါလဲ။

ဖြေ- ရုရှားနိုင်ငံ မော်စကိုပြည်နယ်မှာ ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရစေခြင်းအပေါ် တရုတ်နိုင်ငံက ထိတ်လန့်တုန်လှုပ်မိပြီး ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။ တရုတ်နိုင်ငံသည် အကြမ်းဖက်မှုပုံစံအားလုံးကို ဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကာ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရုရှားအစိုးရ၏ ကြိုးပမ်းမှုများကို အခိုင်အမာ ထောက်ခံပါသည်။