ရုရှား ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှုတွင် ယူကရိန်းနှင့် သက်ဆိုင်မှု မရှိကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ထောက်လှမ်းရေးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူဆို

(GMT+08:00)2024-03-24 12:28:45  

ဒေသစံတော်ချိန် မတ်လ ၂၃ ရက်နေ့တွင် ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ထောက်လှမ်းရေးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူဆို့ဗ် က ရုရှားဖက်ဒရယ်လုံခြုံရေးဌာန၏ ရုရှား ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်ခံရမှုသည် ယူကရိန်းနှင့် သက်ဆိုင်မှု ရှိကြောင်း ပြောဆိုချက်သည် အဖြစ်မှန် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ယူကရိန်းမီဒီယာမှ သတင်းအရ သိရပါသည်။

ထိုနေ့တွင်ပင် ရုရှား ဖက်ဒရယ်လုံခြုံရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းအနက် လူ ၄ ဦးသည် Krasnogorsk ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်ကြောင်း၊ အဆိုပါ လူ ၄ ဦးသည် ရုရှား-ယူကရိန်းနယ်စပ်သို့ ထွက်ပြေးရန်နှင့် နယ်စပ်ဒေသဖြတ်ကျော်ပြီး ယူကရိန်း၌ ပုန်းအောင်းရန် ကြံဆခဲ့ကာ ယူကရိန်းဘက်နှင့် ဆက်သွယ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ရုရှားပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီရီနာ-ဗိုလ် က အကြမ်းဖက် တိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်၍ ဖမ်းဆီးခံရသော သံသယရှိသူ ၄ ဦး အားလုံး သည် နိုင်ငံခြားသားများဖြစ်ကြောင်း ပြောကြားသည်။