ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ဂါဇာကမ်းမြောင်နှင့် အီဂျစ်ကြား နယ်စပ်ဒေသသို့ခရီးလှည့်လည်၊ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ချက်ချင်းရပ်စဲရန်ပန်ကြား

(GMT+08:00)2024-03-24 12:30:18  

    ဒေသစံတော်ချိန် မတ်လ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နိုင်ငံနယ်စပ်သို့ သွားရောက်ခဲ့သည်။ ယင်းသည် ယခုအကြိမ်ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း သွားရောက်သည့် ဒုတိယအကြိမ်ခရီးစဉ်ဖြစ်သည်။

    ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် အီဂျစ်နိုင်ငံ၏ကြိုးပမ်းအားထုတ်မှု များကို ကျေးဇူးတင်ရှိကြောင်း၊ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ချက်ချင်းရပ်စဲရန် လိုအပ်ကြောင်း ထပ်မံအလေးထားပြောကြားခဲ့သည်။